ဇော်ဂျီ Font သုံးထားပါသည်။

ဇော်ဂျီ Font သုံးထားပါသည်။

Monday, 9 May 2011

ဒါနရှင်များခင်ဗျား..

မိဘမဲ့ကလေးများ နှင့် ဆင်းရဲနွမ်းပါးသူများ၏ ကလေးများကို အခမဲ့ ပညာသင်ကြားပေးလျက် ရှိသော ပုသိမ်မြို့ အမှတ် (၈) နယ်မြေတွင် ဖွင့်လှစ်ထားသည့် အောင်သပြေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ စာသင်ဆောင် ဆောက်လုပ်ရန် ဆောက်လုပ်ရေးသုံး ပစ္စည်းများ လိုအပ်လျက်ရှိရာ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

အောင်သပြေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အမှတ် (၈) နယ်မြေ ရုပ်သံထပ်ဆင့်လွှင့် စက်ရုံအနီးတွင်း ၂၀၁၀ ဇွန်လ (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တွင် မိဘမဲ့ကလေးများ နှင့် ဆင်းရဲနွမ်းပါးသူများ၏ ကလေးငယ် စုစုပေါင်း (၄၅) ယောက်အား မူလတန်းပညာ သင်ကြားပေးလျက်ရှိသည်။
ကျောင်းအုပ်ဆရာတော်နှင့် ဆရာမ (၃)ဦးသည် မြေကြီးပေါ်တွင် ဓနိမိုး၊ ထရံကာဖြင့် ယာယီစာသင်ဆောင် ဆောက်လုပ်ကာ ကလေးငယ်များအား ဆင်းရဲချို့ငဲ့စွာ မူလတန်းပညာများ အခမဲ့သင်ကြားလျက်ရှိကြောင်း သိရသည်။ လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၂၅၀ ဦးခန့်အား အခမဲ့ ပညာသင်ကြားပေးမည် ဖြစ်ရာ လက်ရှိ ယာယီစာသင်ဆောင်ဖြင့် မလုံလောက်ဘဲ စာသင်ဆောင် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည်။
ကျောင်းအုပ်ဆရာတော် ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို လက်ရှိကျောင်းဆောင် ရှေ့တွင် တွေ့ရစဉ်
ထိုကြောင့် လိုအပ်သော နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန်အတွက် အောက်ဖေါ်ပြပါ ဆောက်လုပ်ရေး ပစ္စည်းအမျိုးမျိုးအား အဝေးရောက် ပုသိမ်သူ ပုသိမ်သားများ၊ ပြည်ပရောက် စေတနာရှင်များ နှင့် မြို့တော်ပုသိမ် ပရိသတ်များသည် ဆန္ဒရှိသ၍ ပါဝင်လှူဒါန်းနိုင်ရန် ဖေါ်ပြလိုက်ပါသည်။
နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ရန်အတွက် လှူဒါန်းနိုင်သော ဆောက်လုပ်ရေးသုံး ပစ္စည်းများ
၁။ (၆)ပတ်လည် အရှည် ၁၈ပေ တိုင် – တစ်တိုင်လျင်- ၅၀၀၀၀ကျပ်
၂။ တုံ/ယက္မ (၄၀) ချောင်း – တစ်ချောင်တန်ဖိုး - ၃၀၀၀၀ကျပ်
၃။ ဆင့် ၊ ထုတ်၊ ယောက် ၊ ဒိုင်း ၊ မြှား တစ်ချောင်းလျင် - ၁၀၀၀၀ကျပ်
၎။ အမိုးသွပ် (၇)ပေအရှည် အချပ် ၂၅၀ချပ် – တစ်ချပ်လျင် - ၅၀၀၀ကျပ်
၅။ ဘိလပ်မြေအိတ် (၅၀) အိတ် – တစ်အိတ်လျင် - ၆၀၀၀ကျပ်
၆။ သဲ(၅)တန် – တစ်တန်လျင် တန်ဖိုး - ၁၀၀၀၀ကျပ်
ရ။ အုတ် (၁၀၀၀၀) လုံး – အုတ် (၁၀၀) လျှင် တန်ဖိုး - ၄၀၀၀ကျပ်
၈။ သံ တစ်ပိဿာ - ၃၀၀၀ ကျပ်
၉။ သံကျင်တွယ် တစ်စုံလျင် - ၂၀၀၀ ကျပ်
အဆိုပါ ဆောက်လုပ်ရေးသုံး ပစ္စည်းများကို ပါဝင်လှူဒါန်းလိုသော ပြည်တွင်းပြည်ပမှ စေတနာရှင်များသည် ကျောင်းဆောင် ဆောက်လုပ်ရေးအတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အောက်ပါ ပုဂ္ဂိုလ်များထံသို့ တစ်ဦးတစ်ယောက်ချင်းစီ သော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။
ကျောင်းအုပ်ဆရာတော် – ဖုန်း -09 497 22029
ဦးဆန်းထွန်း (ဆလက) – ဖုန်း – 09 520 1449 09 520 1449
ဆရာမ ဒေါ်ညိုညိုလှ – ဖုန်း – 09 520 2840 09 520 2840
မရီရီလွင် (Shine Hope) – ဖုန်း – 09 497 20829
မဖြူဖြူသိမ့် (Shine Hope) – ဖုန်း – 09 508 4078 09 508 4078
ကိုသီဟမိုးဇော် (အိုမီဂါ) – ဖုန်း – 09 514 6636 09 514 6636
မနွယ်နွယ်ဝင်း (Shine Hope) – ဖုန်း – 09 520 1973 09 520 1973
ကိုကျော်နိုင်ဦး (မြို့မဈေး)- ဖုန်း – 09 650 2259 09 650 2259
ကိုကျော်မြင့် (မြို့မဈေး) – ဖုန်း – 09 520 1845 09 520 1845
မကြူကြူမာ (မြို့မဈေး) – ဖုန်း – 09 497 21640
Source : http://patheincity.com/news/index.php/2011/03/aungthabyay-montessori-school-accept-donation/#ixzz1KyoWpRdV
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

No comments: